EXCHANGE RATE | 11th Aug 2022 ( 11:09AM ) | ![]() | BUY 2100 | ![]() | BUY 2144 | ![]() | BUY 1520 | |||||
SELL 2106 | SELL 2154 | SELL 1529 |
EXCHANGE RATE | 11thAug 2022 ( 11:09AM ) |
![]() | BUY 2100 SELL 2106 |
![]() | BUY 2144 SELL 2154 |
![]() | BUY 1520 SELL 1529 |
Corporate News
Mask Distribution to Public by AYA Bank
As part of our Corporate Social Responsibility (CSR) activities, ‘Wear a Mask Campaign’ was organized on 28th January 2022 at AYA Bank’s Head Office in Kyauktadar Township, and near Sule Pagoda in support of COVID-19 protection measures, especially when a new subtype of the Omicron Coronavirus variant is spreading. With the[…]
AYA Bank's 4th FY 2020-2021 Board of Directors' Meeting Held
AYA Bank's 4th Board of Directors' Meeting was held today on 14th of May 2021. At the meeting, AYA Bank's Founder and Chairman U Zaw Zaw gave an opening remark by congratulating Daw Khin Saw Oo, Executive Chairman of AYA Bank on her being appointed as Chairman of the Myanmar Banks Association during it's[…]
AYA Bank မှ Debit Card, ဘဏ်ကတ် အသစ်လျှောက်ထားခြင်း နှင့် ကတ် error ဖြစ်ခြင်း၊ AYA Mobile Banking / AYA Internet Banking အသစ်ဖွင့်လှစ်ခြင်း (သို့) လော့ကျခြင်း ဝန်ဆောင်မှုများအတွက် ရရှိနိုင်သော ရန်ကုန်မြို့ရှိ ဘဏ်ခွဲများစာရင်း
AYA Bank ရန်ကုန် မြို့ရှိ ဘဏ်ခွဲများတွင် 1. Debit Card နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများ 2. ဘဏ်ကတ် အသစ်လျှောက်ထားခြင်း နှင့် ကတ် error ဖြစ်ခြင်း 3. AYA Mobile Banking / AYA Internet Banking အသစ်ဖွင့်လှစ်ခြင်း (သို့) လော့ကျခြင်း စသည့် ဝန်ဆောင်မှုများအတွက် ထပ်မံရရှိနိုင်သော ဘဏ်ခွဲစာရင်းဖြစ်ပါတယ်။ စိတ်ချယုံကြည် ဧရာဝတီ ” Your Trusted Partner “
ဧရာဝတီဘဏ်ခွဲများတွင် ငွေထုတ်ယူခြင်း ဝန်ဆောင်မှုဆောင်ရွက်ရာ၌ ၂၀၂၁ခုနှစ် မေလ ၄ ရက်နေ့ (အင်္ဂါနေ့) မှ စတင်၍ 01 470 5555 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်
ဧရာဝတီဘဏ်ခွဲများတွင် ငွေထုတ်ယူခြင်း ဝန်ဆောင်မှုဆောင်ရွက်ရာ၌ ၂၀၂၁ခုနှစ် မေလ ၄ ရက်နေ့ (အင်္ဂါနေ့) မှ စတင်၍ 01 470 5555 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။ ငွေထုတ်ယူနိုင်မည့် ဘဏ်ခွဲ၊ နေ့ရက်၊ အချိန်တို့ကို ပြန်လည်သတ်မှတ်ပေးမည်ဖြစ်ပါသည်။ Step 1 ငွေထုတ်လိုသူမှ ဘဏ်၏ ဖော်ပြပါ ဖုန်းနံပါတ် 01 470 5555 သို့ ဆက်သွယ်ခေါ်ဆိုပါ။ Step 2 ဖုန်းဆက်သွယ်စဉ် ငွေထုတ်လိုသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ပြန်လည်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်တို့ကို ဘဏ်မှ တောင်းခံကာ မှတ်တမ်းယူထားပါမည်။ Step 3 ဘဏ်မှ ငွေထုတ်ယူနိုင်မည့်နေ့ရက်၊ အချိန်နှင့်ဘဏ်ခွဲတို့ကို ပြန်လည်သတ်မှတ်ပေးပြီး မှတ်တမ်းအဖြစ် SMS ပေးပို့ပါမည်။ […]
ဘုန်းတော်ကြီးကျောင်း (၁၈)ကျောင်းသို့ ဆွမ်းဆန်အိတ်များနှင့် Surgical Mask များလှူဒါန်း
ဧရာဝတီဖောင်ဒေးရှင်းသည် ရွှေပြည်သာ၊ ထောက်ကြန့်၊ မြောက်ဥက္ကလာပ၊ ပုလဲမြို့သစ်၊ တာမွေ၊ ကြည့်မြင်တိုင်၊ ဗဟန်းနှင့် စမ်းချောင်းမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် ဦးဖိုးမောင်ကျောင်း(ဗားကရာကျောင်းတိုက်)၊ စိတ္တသုခကျောင်း (သရက်တောကျောင်းတိုက်)၊ ဒေဝကုဏ္ဏဒီ ကျောင်းတိုက်၊ ဓမ္မသုခကျောင်းတိုက်၊ ဓမ္မဇေယျကျောင်းတိုက်၊ ပါသိကျောင်းတိုက်၊ မြရာကုန်းကျောင်းတိုက်၊ စလင်းကျောင်းတိုက်၊ ဘုံပျံကျောင်း (တိုင်တရာ ကျောင်းတိုက်)၊ မင်းကွန်းဓမ္မရောင်ခြည် ကျောင်းတိုက်၊ သုဝဏ္ဏသိင်္ဂီ ကျောင်းတိုက်၊ ညောင်တုန်းကြီးကျောင်းတိုက်၊ မဂ်လာရာမ ကျောင်းတိုက်၊ ပညာဒီပကျောင်းတိုက်၊ အောင်ဇေယျံကျောင်းတိုက်၊ မဏိရတနာ ကျောင်းတိုက် (ဥယာဉ်တိုက်)၊ အောင်မဂ်လာကျောင်းတိုက်နှင့် ဖားအောက် တောရ အစရှိသည့် ဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းသို့ ဆွမ်းဆန်အိတ်များနှင့် Surgical Mask များကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်က သွားရောက်[…]
Covid-19 ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး) ကို ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးမည့် ရန်ကုန် – ပြည်လမ်းမကြီး၊ မိုင်တိုင်(၄၃/၆)ရှိ Covid-19 ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး)ကို ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းမည်ဖြစ်ရာ ကုန်ကျစရိတ်ကို Max Highway Co., Ltd. က ကျခံသွားမည်ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများမှာ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။
အောက်တိုဘာ (၇) ရက်က စတင်ဖွင့်လှစ်ခဲ့သော ICU/HDU ဧရာဝတီစင်တာသို့ ကုန်ကျစရိတ်အတွက် ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း(၁၀,၀၀၀) ထပ်မံမတည်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့တာဝန်ရှိသူများ ဖွင့်လှစ်ပေးခဲ့သည့် (၇၅)ကုတင်ဆံ့ ICU/HDU ဧရာဝတီစင်တာသို့ ဧရာဝတီဘဏ်မှ လိုအပ်သည်များကို ထပ်မံမတည်လှူဒါန်းခဲ့ပါသည်။ ICU/HDU အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံ လိုအပ်ချက်ရှိသော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူဖြည့်တင်းလျက်ရှိရာ များပြားလှသော ကုန်ကျစရိတ်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း(၁၀,၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၅၀၀၀) ထပ်မံ၍ မတည်လှူဒါန်းခဲ့ပါသည်။ ICU/HDU ကို ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၁၅၀)ကျော်တို့က စက်ပစ္စည်းကိရိယာ စုံလင်စွာဖြင့် အရေးပေါ်လူနာများကို[…]
𝗔𝘆𝗲𝘆𝗮𝗿𝘄𝗮𝗱𝘆 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗰𝗼𝗻𝘁𝗿𝗶𝗯𝘂𝘁𝗲𝘀 𝟭𝟬 𝗺𝗶𝗹𝗹𝗶𝗼𝗻 𝗠𝗠𝗞 𝗮𝗻𝗱 𝗼𝘁𝗵𝗲𝗿 𝗻𝗲𝗰𝗲𝘀𝘀𝗮𝗿𝘆 𝘀𝘂𝗽𝗽𝗹𝗶𝗲𝘀 𝘁𝗼 𝗦𝗼𝘂𝘁𝗵 𝗢𝗸𝗸𝗮𝗹𝗮𝗽𝗮 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 𝗳𝗼𝗿 𝗖𝗼𝘃𝗶𝗱-𝟭𝟵 𝗣𝗿𝗲𝘃𝗲𝗻𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁
On behalf of Ayeyarwady Foundation, Ms. Eaint Hmu Zaw and Mr. Ye Mann Zaw have contributed 10 million MMK and other necessary supplies to Dr. Win Maw Oo, Head of South Okkalapa Hospital for Covid-19 Prevention and Treatment. Ayeyarwady Foundation has constantly contributing all its resources for the people’s safety and public health during[…]
ICU/HDU ဧရာဝတီစင်တာသို့ ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေး - ICU/HDU ကုန်ကျစရိတ်အတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့မှ ငွေကျပ် သိန်း(၁၅၀၀၀) ထပ်မံမတည်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အောက်တိုဘာ (၇)ရက်နေ့မွန်းလွဲပိုင်းက မကြာမီဖွင့်လှစ်မည့် (၇၅)ကုတင်ဆံ့ ICU/HDU ဧရာဝတီ စင်တာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ICU/HDU အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံ လိုအပ်ချက်သော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူဖြည့်တင်းလျက်ရှိရာ များပြားလှသော ကုန်ကျစရိတ်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း(၁၀၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၅၀၀၀) ထပ်မံ၍ မတည်လှူဒါန်းခဲ့ပါသည်။ ICU/HDU ကို ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ[…]
ဧရာဝတီတိုင်းဒေသကြီးအတွက် ငွေကျပ် (၃၅၈)သိန်းတန်ဖိုးရှိ Covid-19 ကူးစက်မှု ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြိုးပမ်းဆောင်ရွက်မှုကို အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ဧရာဝတီဖောင်ဒေးရှင်းက တတိယအကြိမ် လှူဒါန်းမှုအဖြစ် ငွေကျပ် (၃၅၈)သိန်းတန်ဖိုးရှိ Covid-19 ကူးစက်မှု ကာကွယ်ရေးပစ္စည်းများကို တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးလှမိုးအောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် Medical Recommanded PPE အစုံ (၈၀၀)၊ Volunteer PPE အစုံ (၁၀၀၀)၊ N95 Mask အခုရေ (၁၀၀၀)၊ Mask အခုရေ (၁၅၀၀၀၀)၊ လည်ရှည်ဖိနပ် အရံ(၁၂၀)၊ Hand Sanitizer ဘူး (၇၂၀)နှင့် ကလိုရင်းပိုးသတ်ဆေးရည် (၁၅)ပုံးတို့ကို ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
ဧရာဝတီစင်တာအတွက် (၂၄)နာရီအတွင်း စေတနာ့ဝန်ထမ်း (၁၅၀၀)ကျော် လျှောက်ထား
ဧရာဝတီစင်တာအတွက် စေတနာ့ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ (၂၄)နာရီအချိန်အတွင်း စိတ်ပါဝင်စားစွာ လျှောက်ထားသူ (၁၅၀၀)ကျော်အထိ လက်ခံရရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် ဧရာဝတီစင်တာ (A) အဆင်ပြေစွာ လည်ပတ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း (၁၅၀)ကျော်က နေ့မအား ညမနား ကြိုးပမ်းတာဝန် ထမ်းဆောင်လျက်ရှိကြပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့် စင်တာ (B) နှင့် (C) တို့အတွက် စေတနာ့ဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် အလှည့်ကျတာဝန် လွှဲပြောင်းနိုင်ရန်အတွက် ပြင်ပမှ စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။ လျှောက်ထားကြသူများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ အစရှိသည့် လူငယ်လူလတ်ပိုင်းများ ပါဝင်ပြီး အွန်လိုင်းမှတစ်ဆင့် တစ်ဦးချင်း ဆွေးနွေး၍ စိစစ်ရွေးချယ်ဖိတ်ခေါ်ကာ စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများ ပို့ချပေးသွားမည် ဖြစ်ပါသည်။[…]