ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့World CancerDayလူထုလှုပ်ရှားမှုလမ်းလျှောက်ပွဲတွင်ဧရာဝတီဘဏ်မှ ပါဝင်ဆင်နွှဲခဲ့ခြင်း။

ယနေ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ World Cancer Day တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့်လူထုလှုပ်ရှားမှုလမ်းလျှောက်ပွဲအစီအစဉ်၌ ဧရာဝတီဘဏ်ဝန်ထမ်းများမှတက်ကြွစွာပါဝင်ဆင်နွှဲခဲ့သည်။ နိုင်ငံတကာကင်ဆာထိန်းချုပ်ရေးအဖွဲ့ကြီးမှကြီးမှူးကျင်းပသည့် ၂၀၁၉-၂၀၂၁ အထိမ်းအမှတ်နှစ် ၃ နှစ် “I AM AND I WILL / ကျွန်ုသည် နှင့် ကျွန်ုပ်က” ခေါင်းစဉ်ဖြင့်လှုပ်ရှားမှုကြီးကိုယနေ့ကျင်းပသည့် အစီအစဉ်တွင် စတင်ခဲ့ပြီးအခမ်းအနားတွင်ကင်ဆာ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းပြောကြားခဲ့သည်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့်ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ လူထုလမ်းလျှောက်ပွဲနှင် ့အခမ်းအနားတွင်အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အဖွဲ့အစည်းအသီးသီးနှင့် NGOများစသည့်ကဏ္ဍပေါင်းစုံမှ ပြည်သူ (၁၇၀ဝ) ကျော်ပါဝင်လှုပ်ရှားခဲ့ကြရာတွင်ဧရာoတီဘဏ်သည်လူထုအကျိုးပြုလှုပ်ရှားမှုများတွင်ပြည်သူများ၏ယုံကြည်စိတ်ချရသောပြည်သူ့ဘဏ်အနေဖြင့်တစ်သားတည်းတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါသည်။

#worldcancerdaymm2019