ဧရာဝတီဘဏ်လီမိတက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်

   

ဧရာဝတီဘဏ်လီမိတက်သည်ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မိမိဘဏ်၏စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်းအဆင့်ဆင့်အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေးအစီအစဉ်အား ချမှတ်ဆောင်ရွက်လျက်ရှိပါ သည်။
နိုင်ငံတော်သမ္မတရုံးမှ(၁၄-၁၁-၂၀၁၉)ရက်နေ့တွင်ထုတ်ပြန်ခဲ့သောငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာအမိန့် (၄၅/၂၀၁၉) နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သောငွေကြေးခဝါချမှုနှင့်အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာဆက် သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား သိရှိလိုက်နာဆောင်ရွက်ရန်အတွက် အဓိကရည်ရွယ်၍ ဧရာဝတီဘဏ် ရုံးချုပ်ရှိ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများ၊ ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာ မြှင့်တင်ပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်လျက် ရှိပါသည်။
(၁-၂-၂၀၂၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဧရာဝတီဘဏ်ခွဲ (၂၁) ဘဏ်နှင့် ဒေသကြီးတာဝန်ခံရုံး၌ တာဝန်ထမ်းဆောင်နေကြသော ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော၀န်ထမ်းများ စုစုပေါင်း (၁၀၂) ဦးတို့အတွက် အသိပညာပေး နှင့် မွမ်းမံသင်တန်းကို ပုသိမ်မြို့ SWEN Hotel၊ Ballroom ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲနှင့် မွမ်းမံသင်တန်းများတွင် ဧရာဝတီဘဏ် ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကားပြောကြားပြီး “AML/CFT Framework in Myanmar” ခေါင်းစဉ်ဖြင့် ဘဏ်တွင်ထိရောက်သော AML/CFT လုပ်ငန်းစဉ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကို ဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဧရာဝတီဘဏ်၊ Enterprise Risk Management ဌာနမှ လက်ထောက် အထွေထွေမန်နေဂျာ ဉီးအောင်ကိုကိုဉီးက ဘဏ်ခွဲများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း လုပ်ငန်းစဉ်များ၊ ရုံးချုပ်မှ ထုတ်ပြန်ထားသော Policies များ၊ SOP များအား လေးစား လိုက်နာရန်နှင့် ဘဏ်ဝန်ထမ်းများ သိသင့်သိထိုက်သော ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှ ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လေးစားလိုက်နာစေရန်များ၊ နည်းဥပဒေများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပို့ချဆွေးနွေးခဲ့ပါသည်။
ဧရာဝတီဘဏ်သည် ဆက်လက်၍ ကျန်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်ခွဲများနှင့် ရုံးချုပ်ရှိ ဧရာဝတီဘဏ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား AML/CFT ပညာပေး အစီအစဉ်အတိုင်း AML/CFT ဆွေးနွေးပွဲများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။