ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း နှင့် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း

 

ရန်ကုန်၊ ဇူလိုင်လ ၁ရက်၊ ၂၀၁၉
မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ နယုန်လကွယ်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက် (တနင်္လာနေ့) တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ် ရန်ကုန်ခန်းမ၌ Max Myanmar Group နှင့် AYA Financial Group မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း နှင့် ပရိတ်တရားနာယူခြင်းတို့ကို ဆင်ယင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ အဘိဓမ္မ တက္ကသိုလ်တို့၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော သံဃာတော်များအား နံနက်ပိုင်းတွင် အာရုဏ်ဆွမ်း ဆက်ကပ်ပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့သည်။
ဦးစွာပထမ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီး ကြွရောက်လာကြသော တရားနာဧည့်ပရိသတ်များက သြကာသ ကန်တော့ချိုးဖြင့် သံပြိုင်ညီညာ ကန်တော့၍ ပါမောက္ခချုပ်ဆရာတော်ထံမှ သီလပေး တရားခံယူခဲ့ကြသည်။ ယင်းနောက် ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်ခဲ့ကြကာ ပရိတ်တရားတော်များ နာယူခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်ဆရာတော်မှ တရားတော်များ ချီးမြှင့် ဟောကြားခဲ့ပြီးနောက် တရားနာ ပရိဿတ်များမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
ယခုအခမ်းအနားကို Max Myanmar Group နှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ ဝန်ထမ်းမိသားစု တရားနာဧည့်ပရိသတ်ပေါင်း (၈၀ဝ) ခန့် ကြွရောက်၍ မြတ်နိဗ္ဗာန်ရောက်ကြောင်း ရည်စူးကာ ကုသိုလ်ယူခဲ့ကြပါသည်။