ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံမှ တရားတော်များ နာယူကြည်ညိုခြင်း

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက် (တနင်္လာနေ့) ညနေတွင် Max Myanmar Group နှင့် AYA Financial Group မိသားစုများမှ မိတ်ဖက် စီးပွားဖက်များအား စီစဉ်ဖိတ်ကြားသော တရားနာယူပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပရာ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ အဘိဓမ္မ တက္ကသိုလ်တို့၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသမှ တရားတော်များဟောကြားခဲ့သည်။
ဦးစွာပထမ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီး ကြွရောက်လာကြသော တရားနာ ဧည့်ပရိသတ်များက သြကာသ ကန်တော့ချိုးဖြင့် သံပြိုင်ညီညာ ကန်တော့၍ ပါမောက္ခချုပ် ဆရာတော်ထံမှ သီလပေး တရားခံယူခဲ့ကြပါသည်။
ယင်းနောက် ပါမောက္ခချုပ်ဆရာတော်အား တရားနာပရိဿတ်များမှ သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုအစုစုအဖြစ် ငွေကျပ် သိန်း (၆၄၀) ကျော်နှင့် အမေရိကန်ဒေါ်လာ (၄,၁၀ဝ) တို့ကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
ယခုအခမ်းအနားကို Max Myanmar Group of Companies နှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ ဝန်ထမ်းများ နှင့် မိတ်ဖက် စီးပွားဖက် မိသားစု တရားနာဧည့်ပရိသတ်ပေါင်း (၁,ဝ၀ဝ) ကျော် ကြွရောက်၍ မြတ်နိဗ္ဗာန်ရောက်ကြောင်း ရည်စူးကာ ကုသိုလ်ယူခဲ့ကြပါသည်။