ဧရာဝတီ ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများ နေရေးထိုင်ရေး အခက်အခဲ ရှိနေသည့်အတွက် မြဝတီရှိ မက်စ်မြန်မာက ပိုင်ဆိုင်သော အဆောက်အဦ (၄)ခုတွင် လူ(၂၀၀) နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများ ၎င်းတို့ နေရပ်ပြန်ရန်အတွက် ခရီးစရိတ်အဖြစ် တစ်ဦးလျင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ ကူညီပေးခဲ့ပြီး မြဝတီမြို့နယ် အတွင်းရှိ Quarantine Center များအတွက် လိုအပ်နေသော ကော်ဇော အလိတ်(၁၀၀)နှင့်အတူ စုစုပေါင်း ငွေကျပ် သိန်း(၁၀၀) လှူဒါန်းခြင်းကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ တစ်ဆင့် ပေးအပ် လှူဒါန်းခဲ့ပါသည်။
ထို့အတူ ရွှေ့ပြောင်း အလုပ်သမား အများဆုံး ပြန်လည် ဝင်ရောက်လာသည့် မြို့နယ်တစ်ခုဖြစ်သော ရမည်းသင်းမှ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် Covid-19 ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြင့်မြင့်မော်၏ အကူအညီ တောင်းခံမှုအရ စားနပ်ရိက္ခာ လိုအပ်နေသော ရွှေ့ပြောင်း အလုပ်သမား (၅၃၉)ဦး အတွက် ငွေကျပ် သိန်း(၃၀)နှင့်အတူ ဆန်အိတ် (၂၀၀)၊ ဆီပိဿာ (၃၀၀)၊ ကုလားပဲ တစ်အိတ်နှင့် ကြက်ဥ အလုံး (၉၀၀)တို့ကို ရမည်းသင်းမြို့နယ်၊ မြို့နယ် COVID-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီသို့ ဧရာဝတီဘဏ် ဝန်ထမ်းများက သွားရောက် လှူဒါန်းပေးခဲ့ပါသည်။