မှော်ဘီမြို့သို့ရောက်ရှိနေသော ချင်းပြည်နယ်ပလက်ဝမှ စစ်ဘေးရှောင်များအတွက်ထောက်ပံ့ကူညီ

ဧရာဝတီဖောင်ဒေးရှင်းတာဝန်ရှိသူများသည်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်နှင့်အတူမှော်ဘီမြို့နယ်၊စာဖြူစုရပ်ကွက်သို့သွားရောက်ကာချင်းပြည်နယ်
ပလက်ဝမြို့မှရောက်ရှိနေထိုင်လျက်ရှိသောစစ်ဘေးရှောင်များကိုတွေ့ဆုံအားပေးကာ ၎င်းတို့အတွက် လိုအပ်နေသော စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ နေထိုင်ကြခြင်း ဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေး အခက်အခဲများကို ပြေလည်စေရန် အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းစီနှင့် ဆန်၊ ဆီ အစရှိသည့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ပါသည်။