ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု Oxford ဆရာတော်၊ ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ DPhil (Oxford)၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မောဒယဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ၏ စီးပွါးရေးလုပ်ငန်းအတွက် ကြံ့ကြံ့ခံနိုင်မှု နှင့် သတိပဌာန်အခြေခံကရုဏာ၊ Mindful Compassion and Resilience for Business တရားပွဲကို ကျင်းပခဲ့

Workshop-2Workshop-3Workshop-4Workshop-5

၂၀၁၈ခုနှစ် မတ်လ (၁၁)ရက်၊ တနင်္ဂနွေနေ့ နံနက်(၈)နာရီမှမွန်းလွဲ(၁)နာရီခွဲအထိ၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ၊ ဧရာတီဘဏ်ရုံးချုပ်၌ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု Oxford ဆရာတော်၊ ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ DPhil (Oxford)၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ ပရိယတ္တိ သဒ္ဓမ္မောဒယဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ၏ စီးပွါးရေးလုပ်ငန်းအတွက် ကြံ့ကြံ့ခံနိုင်မှု နှင့် သတိပဌာန်အခြေခံကရုဏာ၊ Mindful Compassion and Resilience for Business တရားပွဲကို ကျင်းပခဲ့ရာ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော် အမှူးပြုသော ဝန်ထမ်းမိသားစုများက စည်ကားသိုက်မြိုက်စွာ သြဝါဒခံယူ ခဲ့ကြသည်။ ဆရာတော် အရှင်သူမြတ်က “ဘယ်လောက်ပဲ ပညာတွေတတ်တတ်၊ ဘယ်လောက်ပဲ အတွေ့အကြုံတွေရှိရှိ၊ ဘယ်လောက်ပဲ လေ့ကျင့်သင်ယူထားထား၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ သူ့ရဲ့ကြံ့ကြံ့ခံနိုင်ရည်ကသာ အဆုံးအဖြတ်ပေးပါတယ်။ ကင်ဆာရောဂါကုသဆောင်မှာ သော်လည်းကောင်း၊ အိုလံပစ်အားကစားပွဲတော်ကြီးမှာ သော်လည်းကောင်း၊ ဘုတ်အဖွဲ့အစည်းအဝေးပွဲတွေမှာသော်လည်းကောင်း ဘယ်နေရာမှာမဆို ဒီသဘောတရားဟာ အမှန်တရားပါပဲ။ More than education, more than experience, more than training, a person’s level of resilience will determine who succeeds and who fails. That’s true in the cancer ward, it’s true in the Olympics, and it’s true in the boardroom.” ဟု ဟောကြားခဲ့သည်။

တဖန်ဆရာတော်ဘုရားက “ခန္ဓာကိုယ်က စိတ်နဲ့အတူတူမလုပ်တော့ အောက်ဆီဂျင် မလုံလောက်ဘဲ အဆိပ်အတောက်များတယ် အဲဒီပင်ပန်းနေတဲ့ခန္ဓာကိုယ်ကို လျစ်လျူမရှုဘဲနဲ့ ဂရုဏာတရားထားပြီး ဝင်လေထွက်လေကို ရှူရှိုက်ပြီး ဝင်လေကိုတဖြေးဖြေးမြှင့်တင်ပြီးမှတ်တာ resilience (ကြံ့ကြံ့ခံနိုင်တာ)ပဲ။” ဟု သွန်သင်ဆုံးမတရားပြခဲ့သည်။ ယင်းနောက် ဆရာတော် ဘုရားက မိမိကောင်းကျိုးအတွက်၊ သူတပါးကောင်းကျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် ရည်သန်ပြီး လုပ်ငန်းခွင်အတွင်း အကောင်းမြင်အယူဝါဒ Positive Thinking ထားရှိရန် နှင့် စိတ်နဲ့ခန္ဓာအတူတူ အလုပ်လုပ်ရန် stress management အတွက် (၆) မိနစ် ပီတိကမ္မဌာန်း တရားရှုမှတ်ခြင်းကို ကျင့်ကြံစေခဲ့ပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင် ပြည့်ဝလာအောင် သင်ကြားပြသ ပေးခဲ့သည်။