အခြေခံဘဏ်လုပ်ငန်း အပတ်စဉ်(၁၀၃) ဖွင့်လှစ်ခြင်း

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၃) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် ဘဏ်သင်တန်းကျောင်း (လှိုင်သာယာ) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက်၏ အကြံပေး ဦးခင်မောင်မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်းစီ မိတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြပြီး ၊ ဒေါ်ဆွေဇင်သက် (Director, People Dept) မှ သင်တန်းသားများအား သင်တန်းဌာနကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဖွင့်ပွဲကို ရုပ်သိမ်းခဲ့ပြီး အကျွေးအမွေးများဖြင့် တက်ရောက်လာသူများနှင့် သင်တန်းသားများကို ဧည့်ခံခဲ့ပါသည်။ယခုသင်တန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ အထောင်၊ ငါးသိုင်းချောင်း၊ မြောင်းမြ၊ မြဝတီ၊ ကော့ကရိတ်၊ တပ်ကုန်း၊ ရေနီ၊ ဖျာပုံနှင့် မကွေး ဘဏ်ခွဲ အသီးသီးတွင် တာဝန်ထမ်းဆောင် ကြမည့် သင်တန်းသား/သင်တန်းသူ (၁၀ဝ) ဦးအား စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလအနေဖြင့် ရက်သတ္တပတ် (၆)ပါတ်ကြာမြင့်မည်ဖြစ်ပါသည်။