ဧရာဝတီဖောင်ဒေးရှင်းမှ ရခိုင်ဒေသပြန်လည် ဖွံဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

Rakhine 1 Rakhine 2

          ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့က နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ တက်ရောက်၍ အလှူငွေကျပ် သိန်း ၁၀,ဝ၀ဝ ကို ပေးအပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရရှိခဲ့ပါသည်။
          ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်နယ်ဖြစ်စဉ်များအတွင်း ပေးအပ်လှူဒါန်းခဲ့ရာတွင် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် ကျပ် သိန်း ၁,ဝ၀ဝ၊ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်များ အတွင်း ဆုံးပါးခဲ့သူ နိုင်ငံ့သားကောင်းဝန်ထမ်းများအတွက် ၄င်းတို့၏ ကျန်ရစ်သူမိသားစုများ၊ထိခိုက်ဒဏ်ရာ ရသူများနှင့် နိုင်ငံဝန်ထမ်းများအတွက် ကျပ် သိန်း ၃၀ဝ၊ ရခိုင်ပြည်နယ် နယ်စပ်ဒေသ တည်ဆောက်ပြုပြင်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျပ် သိန်း ၁၂,ဝဝဝ ကျော် နှင့် ညီမျှသော ဘိလပ်မြေများ ထောက်ပံ့လှူဒါန်းမှု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီသို့ ကျပ်သိန်း ၁၀,ဝ၀ဝ အပါအဝင် ရခိုင်ဒေသပြန်လည်ဖွံဖြိုးတိုးတက်ရေး အတွက် အလှူငွေ (ကျပ် သိန်း နှစ်သောင်း သုံးထာင့် သုံးရာ) ကျပ် သိန်း ၂၃,၃၀ဝ ကျော် ပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။