ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များ

       

       

ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် AYA Bank သင်တန်းကျောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများ အဆောင် (၃)ဆောင်နှင့် အမျိုးသား ဘောလုံး အကယ်ဒမီတို့ကို စောင့်ကြပ်ကြည့်ရှုခံမည့်သူ (၃၅၀) တည်းခိုနေထိုင်‌နိုင်ရန် အချိန်မီ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ခဲ့ပါသည်။ ထို့အတူ ယနေ့အချိန်အထိ စောင့်ကြပ်ကြည့်ရှုခံယူလျက်ရှိသူ (၆၀၀)ကျော်၏ နေ့စဉ် အဆင်ပြေစွာ စားသောက်နိုင်ရေး Max Hotels Group၊ Novotel ဟိုတယ်တို့နှင့် ပူးပေါင်း၍ ချက်ပြုတ်ကျွေးမွေးလျက်ရှိပါသည်။ နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင် ကစားသမား အဆောင်တွင် အယောက်(၈၀)အထိ နေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး ၎င်းတို့ သွားရေးလာရေး အတွက်ကိုလည်း ဖယ်ရီကားများ စီစဉ်ထားရှိပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် Covid-19 ဗိုင်းရပ်စ် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်တွင် ကိုယ်ကျိုးမငဲ့ဘဲ စွမ်းစွမ်းတမံ အပင်ပန်းခံ ဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင် လုပ်အားပေး လူငယ် Volunteer များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်နေ ပြည်သူများ၊ မက်စ်မြန်မာ၊ ဧရာဝတီဘဏ်၊ MFF တို့မှ ဝန်ထမ်းများအား အထူးအသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းနှင့် Covid-19 ဗိုင်းရပ်စ် ကူးစက်ရောဂါကို အားလုံးအတူတကွ တားဆီးကာကွယ်တိုက်ထုတ်သွားကြရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။