ဧရာဝတီဘဏ်ခွဲများတွင် ငွေထုတ်ယူခြင်း ဝန်ဆောင်မှုဆောင်ရွက်ရာ၌ ၂၀၂၁ခုနှစ် မေလ ၄ ရက်နေ့ (အင်္ဂါနေ့) မှ စတင်၍ 01 470 5555 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
ငွေထုတ်ယူနိုင်မည့် ဘဏ်ခွဲ၊ နေ့ရက်၊ အချိန်တို့ကို ပြန်လည်သတ်မှတ်ပေးမည်ဖြစ်ပါသည်။
Step 1
ငွေထုတ်လိုသူမှ ဘဏ်၏ ဖော်ပြပါ ဖုန်းနံပါတ် 01 470 5555 သို့ ဆက်သွယ်ခေါ်ဆိုပါ။
Step 2
ဖုန်းဆက်သွယ်စဉ်
ငွေထုတ်လိုသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ပြန်လည်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်တို့ကို ဘဏ်မှ တောင်းခံကာ မှတ်တမ်းယူထားပါမည်။
Step 3
ဘဏ်မှ ငွေထုတ်ယူနိုင်မည့်နေ့ရက်၊ အချိန်နှင့်ဘဏ်ခွဲတို့ကို ပြန်လည်သတ်မှတ်ပေးပြီး မှတ်တမ်းအဖြစ် SMS ပေးပို့ပါမည်။
Step 4
ငွေထုတ်လိုသူမှ အဆိုပါသတ်မှတ်ပေးထားသော ဘဏ်ခွဲ၊နေ့ရက်၊အချိန်အတိုင်း သွားရောက်ကာပေးပို့ထားသော SMS မှတ်တမ်းကို ပြသ၍ ငွေထုတ်ယူနိုင်ပါသည်။
မှတ်ချက်
တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီ မှ နေ့လယ် ၂ နာရီ အထိ (စနေနေ့၊ တနဂ်နွေနေ့ နှင့် အစိုးရ ရုံးပိတ်ရက်များ မပါ) ဖုန်းခေါ်ဆိုမှု တစ်ကြိမ်လျှင် ငွေထုတ်ယူမှု တစ်ခါစာအတွက် ဆက်သွယ်နိုင်ပါသည်။