ဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်းသင်တန်းအပါတ်စဉ်(၉၉)သင်တန်းဆင်းပွဲအခမ်းအနား

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်းသင်တန်းအပါတ်စဉ် (၉၉)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ၁၈ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (RoweConferenceRoom) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ ၊သင်တန်းဆရာ /ဆရာမများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီးဧရာဝတီဘဏ်၊ Chief Operating Officerဦးကျော်စိုးမင်းမှ သင်တန်းဆင်းပွဲအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများမှသင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ဆက်လက်၍ သင်တန်းအပါတ်စဉ်(၉၉)တွင်ထူးချွန်စွာ အောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား မန္တလေးမြို့မှဒေါ်မွှေးသီရိထွန်း၊ဒုတိယဆုအားချောင်းသာမြို့မှဒေါ်ယဉ်မျိုးဝေနှင့် တတိယဆုအားရန်ကုန်မြို့မှဒေါ်ခင်စကားဝါဝင်းတို့မှအသီးသီးလက်ခံရရှိခဲ့ပါသည်။ အဆိုပါသင်တန်းမှာဟားခါး၊ကလေး၊တမူး၊မန္တလေး၊အုန်းချော၊ဟင်္သာတ၊ပုသိမ်၊ချောင်းသာ၊ပန်းတနော်၊လပွတ္တာ၊မြစ်ကြီးနား၊ရန်ကုန်နှင့်ရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ကြမည့်သင်တန်းသား/သင်တန်းသူ(၅၉)ဦးအားစာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၅)ပတ်ကြာမြင့်ခဲ့ပါသည်။