ဧရာဝတီဘဏ်လီမိတက်၏ တာဝန်သိ ရိုးသားသူ လုံခြုံရေးဝန်ထမ်းအား ဂုဏ်ပြုချီးမြှင့်ခြင်း

ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်) (ROWE) ၌ တည်ရှိသည့် ရန်ကုန် -၂၆ (ကျောက်တံတား) ဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးသည် ၃၀-၇-၂၀၁၉ ရက်နေ့ နေ့လည်တွင် ဧရာဝတီဘဏ်သို့ လာရောက်ခဲ့သည့် Customer တစ်ဦး မေ့ကျန်ရစ်ခဲ့သော စာရွက်စာတမ်းနှင့် အဖိုးတန် လက်ဝတ်ရတနာပစ္စည်းများကို တွေ့ရှိခဲ့ပြီးနောက် ဘဏ်ခွဲတာဝန်ခံထံ ရိုးသားစွာ အပ်နှံခဲ့ပါသည်။
ဘဏ်ခွဲတာဝန်ခံမှ CCTV မှတ်တမ်းမှတစ်ဆင့် ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ပစ္စည်းပိုင်ရှင် Customer အား ဆက်သွယ်၍ ၃၁-၇-၂၀၁၉ ရက်နေ့ ညနေတွင် ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
တာဝန်သိ ရိုးသားသူ လုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးအား ဧရာဝတီဘဏ် Board of Directors အဖွဲ့နှင့် အကြီးတန်းစီမံအုပ်ချုပ်မှုအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁,ဝ၀ဝ,ဝ၀ဝ (ကျပ် ဆယ်သိန်း တိတိ) အား ၁-၈-၂၀၁၉ ရက်နေ့တွင် တာဝန်ရှိသူများမှ ဝမ်းမြောက် ဂုဏ်ယူစွာ ပေးအပ်ခဲ့ပါသည်။