ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၈)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

     

 

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ (၀၂:ဝဝ) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (ROWE) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး ဧရာဝတီဘဏ် Senior Chief Risk and Compliance Officer ဦးကိုကိုဦးမှ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၈)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ရာ ပထမဆုအား ရန်ကုန်မြို့မှ ‌‌ဒေါ်နှင်းနွယ်ဦး၊ ဒုတိယဆုအား ကော့ကရိတ်မြို့မှ ‌ဒေါ်အိန္ဒြာထွန်း၊ တတိယဆုအား သာပေါင်းမြို့မှ ဒေါ်ယမင်းဖြိုး နှင့် ဘက်စုံထူးချွန်ဆုအား ရန်ကုန်မြို့မှ ဦးဇော်မျိုးအောင် တို့မှ အသီးသီးရရှိခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသော အကြီးအကဲများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ရန်ကုန်၊ ပင်လုံ၊ သာပေါင်း၊ ကျောင်းကုန်း၊ ကော့ကရိတ်နှင့် မြဝတီ ဘဏ်ခွဲများ၌ တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/သင်တန်းသူ (၅၅)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ခဲ့ပါသည်။