ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၃)သင်တန်းဆင်းပွဲ အခမ်းအနား

      

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ (၀၁းဝဝ) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ပြီး ဧရာဝတီဘဏ်၊ ဒုတိယဥက္ကဌ ဦးသန်းဇော်မှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၃)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား ကြံခင်းမြို့မှ ဦးသူရကျော်ကျော်၊ ဒုတိယဆုအား ရန်ကုန်မြို့မှ ဦးသော်ဇင်ကျော်မင်း၊ တတိယဆုအား ရန်ကုန်မြို့မှ ဒေါ်ကျော့ဖူးငုံ နှင့် ဘက်စုံထူးချွန်ဆုအား နေပြည်တော်မှ ဦးဝေဖြိုးအောင်တို့မှ အသီးသီးရရှိခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး တက်ရောက်လာသော အကြီးအကဲများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းမှာ နေပြည်တော် ၊ဘားအံ၊ ကော့ကရိတ်၊ ကြံခင်း၊မိုးညှင်း၊ မြောင်းမြ၊ မြစ်ကြီးနား၊ ဖားကန့်၊ ဖျာပုံ၊ ပြင်ဦးလွင်၊ ရေနီ ၊ အထောင်၊ ကျုံပျော်၊ မြဝတီ၊ မန္တလေးနှင့် ရန်ကုန် ဘဏ်ခွဲတို့တွင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/သင်တန်း (၁၀၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီးသင်တန်းကာလအနေဖြင့်ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ခဲ့ပါ သည်။