ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၄)သင်တန်းဆင်းပွဲ အခမ်းအနား

   

 

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၁ ရက်နေ့၊ နံနက်(၁၀:ဝဝ) နာရီ အချိန်တွင် ပင်လုံသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး ဧရာဝတီဘဏ် Senior Consultant ဦးခင်မောင်မှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၄)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုနှင့် ဘက်စုံထူးချွန်ဆုအား ကျိုက်ထိုမြို့မှ ဦးခန့်ရွှေဖြိုး၊ ဒုတိယဆုအား နေပြည်တော်မြို့မှ ဦးမြတ်သူရထွန်း၊ တတိယဆုအား ရေနီမြို့မှ ဦးအောင်ကျော်ဌေး တို့မှ အသီးသီးရရှိခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး တက်ရောက်လာသော အကြီးအကဲများနှင့် အမှတ််တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းမှာ ရေကြည်၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ပခုက္ကူ၊ မုံရွာ၊ လပွတ္တာ၊ ကျိုက်ထို၊ နေပြည်တော်၊ မြစ်ကြီးနား၊ ကော့ကရိတ်၊ ဖျာပုံ၊ ရေနီ ၊ မြဝတီ၊ မန္တလေးနှင့် ရန်ကုန် ဘဏ်ခွဲတို့တွင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/သင်တန်းသူ (၆၂)ဦးအားစာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီးသင်တန်းကာလအနေဖြင့်ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ခဲ့ပါ သည်။