ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၅)သင်တန်းဆင်းပွဲ အခမ်းအနား

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ဧရာဝတီဘဏ်ရုံးချုပ် (Rowe Office) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး ဧရာဝတီဘဏ် IT Department မှ Chief Technology Officer ဦးမင်းဝင့်ဦးမှ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၅)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ရာ ပထမဆုအား ရန်ကုန်မြို့မှ ဒေါ်ခိုင်သီသီကျော်၊ ဒုတိယဆုအား ရန်ကုန်မြို့မှ ဦးကျော်ညီညီဟိန်း၊ တတိယဆုအား ရန်ကုန်မြို့မှ ဒေါ်ထက်ဦးလှိုင်နှင့် ဒေါ်လပြည့်မြင့်မိုရ် တို့မှ အသီးသီးရရှိခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသော အကြီးအကဲများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းတွင် အောင်ပန်း၊ ကျောက်မဲ၊ ကျောက်ဖြူ၊ နောင်ချို၊ ပြင်ဦးလွင်နှင့် ရန်ကုန် ဘဏ်ခွဲတို့၌ တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/သင်တန်း (၅၉)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၆)ပတ်ကြာမြင့်ခဲ့ပါသည်။