ဧရာဝတီဘဏ်ဝန်ထမ်းများ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗုဒ္ဓဂါယာသို့ နှစ်သစ်ကူး ကုသိုလ်ဒါနအဖြစ် ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့ခြင်း

Gaya-(2)Gaya-(3)Gaya-(6)Gaya-(4)   Gaya-(1)Gaya-(5)Gaya-(7)

ဧရာဝတီဘဏ်ဝန်ထမ်း(၁၀ဝ)ဦးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗုဒ္ဓဂါယာ (သံဝေဇနိယ (၄)ဌာန)သို့ ဘုရားဖူးခရီး သွားရောက်ခဲ့ရာ ၁၂-၁၂-၂၀၁၇ ရက် နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်(ထွက်ခွာ)သို့ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမတို့မှ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ဧရာဝတီဘဏ်ဝန်ထမ်းများ၏ ဗုဒ္ဓဂါယာခရီးစဉ်သည် Anoma Travel Incentive ၏ စီစဉ်မှုဖြင့် သွားရောက် ခဲ့ပြီး (၆)ညအိပ် (၇)ရက်ခရီးအဖြစ် ရန်ကုန် – ဗုဒ္ဓဂါယာ – ရာဇဂြိုလ် – ဝေသာလီ – ကုသိနာရုံ – လုမ္ပနီ – သာဝတ္ထိ – ဗာရာဏသီမြို့များရှိ အထင်ကရနေရာများသို့ သွားရောက် လှည့်လည် ဖူးမြော်ခဲ့ကြသည်။ ခရီးစဉ် တစ်လျှောက် အဆင့်မြင့် ဟိုတယ်များတွင် တည်းခိုခဲ့ကြပြီး အိန္ဒိယနိုင်ငံရှိ ပြည်နယ်(၂)ခုနှင့် နီပေါလ် နိုင်ငံတို့သို့ ဘတ်စ်ကား(၃)စီးဖြင့် ပျော်ရွှင်စွာ လှည့်လည် ဘုရားဖူးကုသိုလ်ယူခဲ့ကြသည်။
ဥက္ကဌ၏ စိတ်ရင်းစေတနာနှင့်အညီ ဧရာဝတီဘဏ်ဝန်ထမ်း ၈၀ဝ၀ ကျော်အနက် ဝန်ထမ်း(၁၀ဝ)ဦး၏ ဝန်ထမ်းကဒ်နံပါတ်အား မဲနှိုက်ရွေးချယ်၍ နှစ်သစ်ကူးလက်ဆောင်အဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ ဧရာဝတီဘဏ်ခွဲများနှင့် ရုံးချုပ်မှ ဝန်ထမ်းများအား အချိုးကျ မဲနှိုက် ရွေးချယ်ခဲ့ရာ ကံထူးရှင်(၁၀ဝ)ဦးတွင် အထွေထွေမန်နေဂျာမှ သန့်ရှင်းရေးဝန်ထမ်းအထိ ပါဝင်ခဲ့ပြီး အရာထမ်း(၃၃)ဦး၊ အမှုထမ်း(၄၆)ဦး၊ ယာဉ်မောင်း(၆)ဦး၊ လုံခြုံရေး(၁၃)ဦးနှင့် သန့်ရှင်းရေး(၂)ဦး ပါဝင်ခဲ့ သည်။
ခရီးစဉ်တွင် အသက်အကြီးဆုံးဝန်ထမ်းအဖြစ် တောင်ငူဘဏ်ခွဲမှ အသက်(၅၉)နှစ်ရှိသူ ဦးကျော်ဇော ပါဝင်ခဲ့ပြီး အသက်အငယ်ဆုံးဝန်ထမ်းမှာ ရန်ကုန်-၂ ဘဏ်ခွဲမှ ဦးပြေမောင်(၂၂)နှစ် ဖြစ်သည်။

ဗုဒ္ဓဂါယာခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများအား စီမံဌာနမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးသန့်ဇော်စိုးမှ ၁၈-၁၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့သည်။ ဝန်ထမ်းများ၏ ခရီးစဉ်အတွင်း ကြုံတွေ့ရသည်များကို ဝေမျှမှုများမှာ ကျေနပ်အားရစရာ ပီတိဖြစ်ဖွယ် ကောင်းလှသည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့(၁၂-၁၂-၂၀၁၇)သည် ဧရာဝတီဘဏ်အတွက် အမှတ်တရနေ့ တစ်နေ့ ဖြစ်ခဲ့သည်။ ဝန်ထမ်း(၁၀ဝ)ဦး ကုသိုလ်ပြုခရီးအဖြစ် ဗုဒ္ဓဂါယာသို့သွားရောက်ခဲ့ခြင်း၊ ဧရာဝတီဘဏ်၏ ရန်ကုန် ဘဏ်ခွဲ ၁၀ဝ မြောက်ဖြစ်သည့် Ygn-233 ကို စမ်းချောင်း၊ ဗဟိုလမ်းမှာဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ၂၃၄(နှစ်သုံးလေး) ဘဏ်မြောက်ဘဏ်ခွဲကို ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာဖွင့်လှစ်နိုင်ခဲ့ခြင်းတို့သည် ဧရာဝတီဘဏ်၏ သမိုင်း မှတ်တိုင်များတွင် ပါဝင်ခဲ့ပြီဖြစ်သည်။