ဧရာဝတီဘဏ် စုပေါင်းထမနဲထိုးပွဲ

       

ထမနဲရာသီရောက်ပြီမို့ ဧရာဝတီဘဏ် စုပေါင်းထမနဲထိုးပွဲကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့က စီမံဌာနမှ ဦးစီးကာ တစ်ပျော်တစ်ပါး ကျင်းပခဲ့ပါသည်။ မနက်ခင်းမှ နေ့လည်အထိ ကောက်ညှင်း ပြည် (၆၀)စာ ထမနဲ (၁၅)ဒယ်ထိုး၍ ရုံးချုပ်ဌာနအသီးသီးသို့ ပေးဝေခဲ့ပါသည်။