ဧရာဝတီဘဏ် နှင့် မြန်မာပြည်ရှိ Estée Lauder အလှကုန် တို့ပူးပေါင်း၍ ရင်သားကင်ဆာရောဂါ အန္တရာယ် အသိပညာပေးနှိုးဆော်

Breast Cancer 1 Breast Cancer 2 Breast Cancer 3

ရင်သားကင်ဆာရောဂါ အန္တရာယ် အသိပညာပေးနှိုးဆော်သည့် အနေနှင့် ဘဏ်ရုံးချုပ် အဆောက်အအုံကို အပြည်ပြည်ဆိုင်ရာ ရင်သား ကင်ဆာရောဂါ အသိပေးအထိမ်းအမှတ် သင်္ကေတ ပန်းရောင်မီးထွန်းညှိ

ရန်ကုန်၊ မြန်မာ။ အများပြည်သူ၏ဘဏ္ဍာရေးကဏ္ဍတွင် စိတ်ချ ယုံကြည် ရသော ဧရာဝတီဘဏ်သည် Estée Lauder အလှကုန်ပစ္စည်းများ၏မြန်မာ ပြည်တစ်ဦးကိုယ်စားလှယ် Han Ideal Trading Ltd. နှင့် အတူ လက်တွဲ၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အသိအမှတ်ပြု ထားသည့် မြို့ပြအမွေအနှစ်ဖြစ်သည့် ကျောက်တံတားမြို့နယ်တွင် တည်ရှိသော ဧရာဝတီဘဏ် ရုံးချုပ် အဆောက်အအုံအား ၂၀၁၇ခုနှစ် အောက်တိုဘာလ (၁၉) ရက်မှစတင်၍ ပန်းရောင်မီးများနှင့် ထွန်းညှိစေခြင်းဖြင့် ရင်သားကင်ဆာရောဂါအန္တရာယ်ကို အသိပညာပေးနှိုးဆော် လိုက်သည်။

ဧရာဝတီဘဏ်၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မေမြတ်သူက၊ “ကျွန်မတို့ ဧရာဝတီဘဏ်၊ ဧရာ ဘဏ္ဍာရေးအုပ်စုဟာ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်း ဖြစ်တာနဲ့အညီ ပြည်သူလူထု၊ ကျွန်မတို့နဲ့ ဆက်သွယ် ဆက်ဆံနေသူတွေ အားလုံးရဲ့ စိတ်ချယုံကြည်မှုကို အရင်းခံ ဆောင်ရွက်နေရတာ ဖြစ်ပါသည်။ ဒါ့အပြင် ကျွန်မတို့ဟာ တာဝန်သိတတ်တဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ ရပ်တည်နေလို့ အခုလို Estée Lauder အလှကုန်ပစ္စည်းရဲ့ မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်တဲ့ Han Ideal Trading နှင့် အတူလက်တွဲပြီး ရင်သားကင်ဆာရောဂါ အန္တရာယ် အသိပေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ရတဲ့ အတွက်များစွာဝမ်းမြောက် ကျေးဇူးတင်မိပါတယ်။ ရင်သားကင်ဆာ ရောဂါဆိုတာ အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိနိုင်ပေမယ့် စောလျင်စွာ သိရှိခဲ့လို့ရှိရင် ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဧရာဝတီဘဏ်၊ ဧရာဘဏ္ဍာရေးအုပ်စု တင်သာမက ဘဏ္ဍာရေးကဏ္ဍအတွင်းမှာပါ ဝန်ထမ်းအင်အားသည် အသိအမှတ်ပြု လောက်စရာ ၆၅% နှင့်အထက်ဟာ အမျိုးသမီးဝန်ထမ်း အင်အား ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့လည်း ဒီလိုအသိပညာပေးရေးမှာ ပါဝင်ခြင်းအားဖြင့် ဒီအမျိုးသမီးဝန်ထမ်းထု ကိုတင်မကပဲ သူတို့ရဲ့မိသားစုဝင်တွေ၊ အပေါင်းအသင်းသူငယ်ချင်းတွေ၊ သူတို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သူတွေကိုလည်း ဒီအသိပညာကို ဆင့်ကဲပေးကမ်းနိုင်မယ်၊ ကြိုတင်ကာကွယ်ဖို့ အသိပညာတွေ ရရှိလာနိုင်မယ် လို့ယုံကြည်ပါတယ်။ ဧရာဝတီဘဏ်၊ ဧရာ ဘဏ္ဍာရေး အဖွဲ့အစည်း တစ်ခုလုံး အနေနဲ့လည်း မိမိတို့ဝန်ထမ်း တွေအနေနဲ့ လိုအပ်လာခဲ့ရင် ကုသမှု၊ စိတ်ဓါတ်အင်အား ကြံ့ခိုင်ရေး တို့မှာပါဝင်ဆောင် ရွက်သွားမှာဖြစ်ပြီး ဒီရောဂါရှိတယ်လို့ ယူဆနေသူတွေအားလုံး အနေနဲ့ လည်း စောလျင်စွာသိရင် ကုသမှုခံယူပြီး စိတ် ဓါတ်အင်အားကြံ့ခိုင်မှုရှိဖိ်ု့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ အခုကျွန်မတို့နဲ့ စီးပွားမိတ်ဖက်ဖြစ်တဲ့ Han Ideal Trading Ltd. နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရတဲ့ ရင်သားကင်ဆာရောဂါ အသိပညာပေးရေး လှုပ်ရှားမှု တစ်ရပ်အနေနဲ့ ရန်ကုန်မြို့ မြို့ပြ အမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်သည့် ကျွန်မတို့ ဧရာဝတီဘဏ် ရုံးချုပ်ကို ရင် သားကင်ဆာ အသိပေး လှုပ်ရှားမှု သင်္ကေတ ဖြစ်တဲ့ ပန်းရောင်မီးကို ရက် သတ္တပတ် (၂) ပတ်တိတိထွန်းညှိ သွားမှာဖြစ်ပါတယ်။” ဟုဆိုသည်။

ထို့နောက် Estée Lauder အလှကုန်ပစ္စည်းများ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ် Han Ideal Trading Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာဒေါက် တာစုလှဟန်က ၊” ကျွန်မတို့ Estée Lauder အလှကုန် ရဲ့ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ Estée Lauder အလှကုန်က ကမ္ဘာနဲ့အဝန်း ဆောင်ရွက်နေတဲ့ ရင်သားကင်ဆာ ဂရုပြုလှုပ်ရှားမှုကို၂၀၁၃ ခုနှစ် ကတည်းက တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့ပါတယ်။

ဒီလိုလှုပ်ရှားမှုကို ဆောင်ရွက်ကြတဲ့အခါမှာ ကမ္ဘာနဲ့တဝှမ်းက မြို့တော်တွေမှာ ရှိတဲ့အထင် ကရ အဆောက်အအုံတွေမှာ ဒီလှုပ်ရှားမှု သင်္ကေတ ပန်းရောင်မီးထွန်းညှိ လေ့ရှိပါတယ်။ ဒီပန်းရောင်မီးတွေကို ထွန်းညှိရတဲ့ အဓိကရည်ရွယ်ချက် ၃ ခုကတော့ ရင်သားကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး တွေကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်၊ လက်ရှိရင်သား ကင်ဆာ ရောဂါဝေဒနာရှင် အမျိုးသမီးများကို စိတ်ဓါတ်ခွန်အားပေးခြင်း အထိမ်းအမှတ် နဲ့ ကျန်းမာနေတဲ့ အမျိုးသမီးတွေ ရင်သားကင်ဆာရောဂါအကြောင်း သတိရှိပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပုံမှန်စစ်ဆေးဖို့ သတိပေးတဲ့ အထိမ်းအမှတ်တို့ပဲဖြစ်ပါတယ်။ ဒီနှစ်မှာ အခုလို ရန်ကုန်မြို့ရဲ့မြို့ပြ အမွေအနှစ် အဆောက်အအုံ ဧရာဝတီဘဏ်ရုံးချုပ်ကို ပန်းရောင်မီးထွန်းညှိပြီး လှုံ့ဆော်လိုက်နိုင်တဲ့အတွက်လည်း ဧရာဝတီဘဏ်နဲ့တကွ ဧရာဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုလုံးကို အထူးပဲကျေးဇူးတင်ရပါတယ်။” ဟုဆိုသည်။

ဧရာဝတီဘဏ်၏ ဒုတိယ ဥက္ကဌဒေါ်ဌေးဌေးခိုင် က ရန်ကုန်မြိ်ု့ရဲ့ မြို့ပြအမွေ အနှစ်အဆောက်အအုံဖြစ်တဲ့ ဘဏ်ရုံးချုပ်အဆောက်အအုံကို စက်ခလုတ် ဖွင့် မီးထွန်းညှိပေးပြီး ဘဏ်အုပ်ချုပ်ရေးပိုင်းမှ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ စာနယ်ဇင်း ဆရာဆရာမများ နှင့် ဘဏ်၏ ဝန်ထမ်းများသည် ကျောက်တံတားမြို့နယ်ရှိ ဘဏ်ရုံးချုပ် အဆောက်အအုံကို ပန်းရောင်မီး စတင် ထွန်းညှိခြင်း အခမ်းအနားကို ဆုံညီ စွာတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘဏ်ရှိဝန်ထမ်း အမျိုးသမီး များနှင့် တက်ရောက်လာသူ အမျိုး သမီး ဧည့်သည်တော်များအားလုံး ရင်သားကင်ဆာရောဂါ ရှိမရှိ လစဉ် မိမိကိုယ်ကိုစမ်းသပ်စစ်ဆေးနိုင်ရန် အခမဲ့ သင်ကြားပြသ ပညာပေးခဲ့သည်။