ဧရာ၀တီဘဏ် Non Clerical Staff ဝန်ထမ်းများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်တဲ့ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်

       

   

                 

ဧရာဝတီဘဏ်သည်လတ်တလောပူးပေါင်းကာကွယ်တိုက်ဖျက်လျက်ရှိသောCovid19ကူးစက်ရောဂါကာလအတွင်း ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် Non Clerical Staff ဝန်ထမ်း (၂,၂၀၀) ကျော်အတွက် စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ ဆန်တစ်တင်းခွဲအိတ်နှင့် ဆီတစ်ပိဿာအား တစ်ဦးချင်းစီသို့ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်အဖြစ် ပေးအပ်ခဲ့ပါသည်။
ဧရာဝတီဘဏ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊အကြီးတန်းစီမံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ဌာနကြီးမှူးများ၊တိုင်းဒေသ
ကြီးတာဝန်ခံများအားလုံးမှ ၎င်းတို့၏ လစာမှ အချိုးကျရာခိုင်နှုန်းဖြင့် ထည့်ဝင်လှူဒါန်းကြသည့် ငွေကျပ် သိန်း (၇၅၀)ကျော်ဖြင့် ဆန်နှင့်ဆီများ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်ကြောင့် Non Clerical Staff ဝန်ထမ်းများ၏ စားဝတ်နေရေး အဆင်ပြေစွာဖြင့် ယခုလို ကပ်ရောဂါကာလအတွင်း အတူတကွ အဆင်ပြေချောမွေ့စွာ ရပ်တည်ဖြတ်သန်းနိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှ COVID-19 ကြောင့်လိုအပ်သည့်နေရာဒေသများတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ယခုရက်သတ္တပတ်အတွင်း သိန်း (၄,၀၀၀)တန်ဖိုး ရှိ ဆန်အိတ်ရေ (၁၅,၀၀၀)ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှတစ်ဆင့် လှူဒါန်းလျက်ရှိပါသည်။
ထို့ပြင်ကျန်းမာရေးဝန်ထမ်းများအတွက်ကျန်းမာရေးအာမခံရန်ပုံငွေမတည်ပေးခြင်းနှင့်နေထိုင်စားသောက်သွားလာရေး ပံ့ပိုးကူညီမှုပေးခြင်း၊ လိုအပ်လျက်ရှိသော ဆေးရုံသုံး ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အတွက် Facility Quarantine Center များနှင့် အကျွေးအမွေး ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။