(၇၂) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ

  

(၇၂) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂၀၂၀) ကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၄ရက် (စနေနေ့) နံနက် (၆း၃၀) နာရီ အချိန်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးရှေ့မှ စတင် တာလွှတ်ကျင်းပသွားခဲ့ပါသည်။
ပြည်တွင်း မျိုးဆက်သစ်အားကစားသမား ပေါ်ထွက်လာရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် နှင့် အားကစား လိုက်စားသော အလေ့အကျင့် ဖြစ်ထွန်းစေရန်တို့ကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ ပြိုင်ပွဲကို ကျင်းပလာခဲ့သည်မှာ သတ္တမအကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
မန္တလေးမြို့တော်ဝန်မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀) အလွတ်တန်း (ကျား/မ) ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း(၆၀)၊ ဒုတိယဆု ကျပ်သိန်း(၄၀)၊ တတိယဆု ကျပ်သိန်း(၃၀)နှင့် ကျန်ဆုများကိုလည်း ထိုက်ထိုက် တန်တန် ချီးမြှင့်ခဲ့ပြီး
လူသစ်တန်း (ကျား/မ) ပြိုင်ပွဲတွင်လည်း ပထမဆု ကျပ်သိန်း(၆၀)၊ ဒုတိယဆု ကျပ်သိန်း(၄၀)၊ တတိယဆု ကျပ်သိန်း(၃၀)နှင့် ကျန်ဆုများကိုလည်း ထိုက်ထိုက် တန်တန် ချီးမြှင့်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲကို အမျိုးသားဦးရေ (၂,၁၅၀)ဦး နှင့် အမျိုးသမီးဦးရေ (၁,၁၇၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂၀၂၀) ဖြစ်မြောက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ AYA BANK နှင့် AYA SOMPO Insurance တို့မှလည်း မိဘပြည်သူများ၏ ကောင်းကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ တစ်ဖက် တစ်လမ်းမှ ပံ့ပိုးကူညီခဲ့ပါသည်။