(၈) ကြိမ်မြောက် AYA Talk

 

 

ဧရာဝတီဘဏ်ဝန်ထမ်းများအတွက် (၈) ကြိမ်မြောက် AYA Talk ကို ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက်(၉းဝ၀)နာရီအချိန်တွင်ဧရာဝတီဘဏ်၊ရုံးချုပ်၊ ကျောက်တံတားမြို့နယ် (Rowe) ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါပွဲသို့ ဦးချစ်ကိုကို (CEO and Founder of Success Life Institution) မှ Make Your New One ( Attain Your Success Life) ခေါင်းစဉ်ဖြင့် လာရောက်ဟောပြောပို့ချပေးခဲ့ပါသည်။ လုပ်ငန်းခွင်အတွင်းလုပ်ဖေါ်ကိုင်ဖက်အချင်းချင်းညီညွှတ်မျှတမှုရှိပြီး အပေးအယူမျှတစေရန်၊မိသားစု၊လုပ်ငန်းခွင်စသောလူမှုစီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကောင်းမွန်သော ဆက်ဆံရေး များတိုးမြှင့်ပြီး ( Work Life Balance ) ညီမျှစွာ လျှောက်လှမ်းနိုင်စေရန်၊ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ လျော့ချသွားနိုင်စေရန်၊ ဦးဆောင်မှုနှင့် လှုံ့ဆော်မှုများအကောင်းဆုံးပေးနိုင်သော (InspirationLeaders) ခေါင်းဆောင်ပေါ်ပေါက်စေရန် ဟောပြောဆွေးနွေးပေးခဲ့ပါသည်။ အဆိုပါပွဲသို့တက်ရောက်လာသောဝန်ထမ်းပေါင်း(၁၆၇)ဦးမှ ဆွေးနွေးမှုများနှင့်ပျော်ရွှင်ဖွယ်ရာအစီအစဉ်များဖြင့်တက်ကြွစွာပါဝင်ခဲ့ကြပြီး နေ့လည် (၁းဝ၀) အချိန်တွင် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ပါသည်။