ဧရာဝတီဖောင်ဒေးရှင်း မှ ဆိုင်ကယ်မတော်တဆ တိမ်းမှောက်မှုကြောင့် ဆုံးပါးသွားသော သားဖွားသူနာပြုဆရာမဒေါ်တင်ရီ၏ ကျန်ရစ်သူမိသားစုအား စာနာပံ့ပိုးကူညီခြင်း

   

   

ဧရာဝတီတိုင်းဒေသကြီး၊ မယ်ဇလီကုန်း တိုက်နယ်ဆေးရုံ Quarantine Centre တွင် (Covid-19) ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုခံယူမည့်သူများအတွက် တာဝန်ထမ်းဆောင်ရန် အဂ်ပူမြို့၊ ကရင်ကူးလေးကျေးရွာ Sub Quarantine Centre မှဆိုင်ကယ်ကိုယ်တိုင် မောင်းနှင်လာစဉ် မတော်တဆ တိမ်းမှောက်မှုကြောင့် ပြင်းထန်ဒဏ်ရာများရရှိကာ ဆုံးပါးသွားသော သားဖွားသူနာပြုဆရာမ ဒေါ်တင်ရီ၏ကျန်ရစ်သူမိသားစုများသို့ ဧရာဝတီဖောင်ဒေးရှင်းမှ စာနာပံ့ပိုးသောအားဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၄ရက်နေ့ကငွေကျပ်သိန်း(၃၀)ကို အဂ်ပူမြို့ အထွေထွေအုပ်ချုပ်ရေး ခန်းမ၌ ပေးအပ်ခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းနှင့် ဧရာဝတီဘဏ်ခွဲမှ တာဝန်ရှိသူများသည် ကျန်ရစ်သူမိသားစုများ နေထိုင်ရာသို့ သွားရောက်၍ နှစ်သိမ့်‌ဖေးမစကားပြောကြားကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။