ဧရာဝတီဘဏ်ဝန်ထမ်းများ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗုဒ္ဓဂါယာသို့ နှစ်သစ်ကူး ကုသိုလ်ဒါနအဖြစ် ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့ခြင်း

   ဧရာဝတီဘဏ်ဝန်ထမ်း(၁၀ဝ)ဦးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗုဒ္ဓဂါယာ (သံဝေဇနိယ (၄)ဌာန)သို့ ဘုရားဖူးခရီး သွားရောက်ခဲ့ရာ ၁၂-၁၂-၂၀၁၇ ရက် နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်(ထွက်ခွာ)သို့ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမတို့မှ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ဧရာဝတီဘဏ်ဝန်ထမ်းများ၏ ဗုဒ္ဓဂါယာခရီးစဉ်သည် Anoma Travel Incentive ၏ စီစဉ်မှုဖြင့် သွားရောက် ခဲ့ပြီး (၆)ညအိပ် (၇)ရက်ခရီးအဖြစ် ရန်ကုန် – ဗုဒ္ဓဂါယာ – ရာဇဂြိုလ် – ဝေသာလီ – ကုသိနာရုံ – လုမ္ပနီ – သာဝတ္ထိ – ဗာရာဏသီမြို့များရှိ အထင်ကရနေရာများသို့ သွားရောက် လှည့်လည်[…]

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု Oxford ဆရာတော်၊ ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ DPhil (Oxford)၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မောဒယဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ၏ စီးပွါးရေးလုပ်ငန်းအတွက် ကြံ့ကြံ့ခံနိုင်မှု နှင့် သတိပဌာန်အခြေခံကရုဏာ၊ Mindful Compassion and Resilience for Business တရားပွဲကို ကျင်းပခဲ့

၂၀၁၈ခုနှစ် မတ်လ (၁၁)ရက်၊ တနင်္ဂနွေနေ့ နံနက်(၈)နာရီမှမွန်းလွဲ(၁)နာရီခွဲအထိ၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ၊ ဧရာတီဘဏ်ရုံးချုပ်၌ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု Oxford ဆရာတော်၊ ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ DPhil (Oxford)၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ ပရိယတ္တိ သဒ္ဓမ္မောဒယဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ၏ စီးပွါးရေးလုပ်ငန်းအတွက် ကြံ့ကြံ့ခံနိုင်မှု နှင့် သတိပဌာန်အခြေခံကရုဏာ၊ Mindful Compassion and Resilience for Business တရားပွဲကို ကျင်းပခဲ့ရာ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော် အမှူးပြုသော ဝန်ထမ်းမိသားစုများက စည်ကားသိုက်မြိုက်စွာ သြဝါဒခံယူ ခဲ့ကြသည်။ ဆရာတော် အရှင်သူမြတ်က “ဘယ်လောက်ပဲ ပညာတွေတတ်တတ်၊ ဘယ်လောက်ပဲ အတွေ့အကြုံတွေရှိရှိ၊ ဘယ်လောက်ပဲ လေ့ကျင့်သင်ယူထားထား၊[…]