"Cleaning Service, Hygiene and Workplace Ethic for Cleaning Crew"

   ဧရာဝတီဘဏ်ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသော သန့်ရှင်းရေးဝန်ထမ်းများ၏လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေရန်အတွက် စီမံရေးရာဌာနမှဦးဆောင်စီစဉ်ကာ သင်ကြားရေးဌာန၏ပံ့ပိုးမှုဖြင့် စက်တင်ဘာလ(၇) ရက်နေ့ နံနက် ၈နာရီခွဲမှ နေ့လည် ၂နာရီအထိ် အလုံ River View ရုံးချုပ်ရှိ Conference Room တွင် “Cleaning Service, Hygiene and Workplace Ethic for Cleaning Crew”သင်တန်းကို စီစဉ်ပြုလုပ်ပေးခဲ့ပါသည်။ သင်ကြားပေးရာတွင်သင်တန်း၏ပထမပိုင်းအဖြစ် နံနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ လုပ်ငန်းတွင်း ထားရှိရမည့် ကျင့်ဝတ်စည်းကမ်းတာဝန်များ (Workplace Ethics)၊Internal/ExternalCustomerများနှင့် ထိစပ်ရသည့်လုပ်ငန်းပိုင်းများတွင် ဝန်ဆောင်မှုကောင်းမွန်စေရန် နှင့် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းမှုအတွက် ဂရုတစိုက်ဆောင်ရွက်နိုင်စေရန် Customer Service and Hygiene အကြောင်းအရာများကို ဦးသန့်ဇော်စိုး (GM, Admin) ၊ ဒေါ်အိအိအောင်[…]