“Why We Love AYA Bank” Facebook Campaign

          ဧရာဝတီဘဏ်၏(၈)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သက်ဆိုင်ရာဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအချင်းချင်း  အမှတ်တရများစွာကို ပြန်လည်မျှဝေရင်း တစ်ဦးနှင့်တစ်ဦးTeam Work ရှိစွာ အလုပ်လုပ်နိုင်ရန် ရည်ရွယ်၍“Why We Love AYA Bank“ ဆိုတဲ့ Facebook Campaign လေးတစ်ခုကို  August လတွင်ပြုလုပ်ခဲ့ပါတယ်။ ဒီFacebookCampaignအစီအစဉ်လေးတွင် ဝန်ထမ်းပေါင်း(၃၀ဝ)ကျော်မှပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသောဝန်ထမ်း(၈)ဦးကို  အကဲဖြတ်ရွေးချယ်ခဲ့ပါတယ် ဆုပေးပွဲအစီစဉ်ကိုယနေ့နံနက်တွင် ဧရာဝတီဘဏ်ရုံးချုပ်(Rowe)တွင် ပြုလုပ်ခဲ့ပါတယ်။ပထမဦးစွာ အခမ်းအနားတွင် ဒုဥက္ကဌဒေါ်ခင်စောဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆုရရှိသောဝန်ထမ်း(၈)ဦးကို တစ်ဦးချင်းအလိုက် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို စတင်ခဲ့ပါတယ်။ထို့နောက် ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ အပိတ်အမှာစကားပြောကြားခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက် အခမ်းအနားအစီအစဉ်အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ စိတ်ချယုံကြည့် ဧရာဝတီ – Your Trusted Partner