AYA Financial Group ၏ နဝမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနား

AYA Financial Group မိသားစုဝင်များ၏နဝမအကြိမ်မြောက် သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲ အခမ်းအနား ကို ယနေ့နံနက်(၈:ဝ၀)နာရီတွင်AYA Bank ရုံးချုပ် (ROWE) တွင် ကျင်းပခဲ့ပါတယ်။ ၄င်းကန်တော့ပွဲအခမ်းအနားတွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ရာထူးဂုဏ်နှင့်အသက်အားဖြင့် ကြီးမြတ်ကြကုန်သောဆရာသမားပုဂ္ဂိုလ်အပေါင်းတို့အား ဝန်ထမ်းများမှ ကန်တော့ခဲ့ရာ ဥက္ကဌဦးဇော်ဇော်၊ ဧရာဝတီဘဏ်၏ဒုဥက္ကဌ(၁)ဒေါ်ခင်စောဦးနှင့် အုပ်ချုပ်မှုဒါရိုက်တာဆရာဦးမြင့်ဇော်တို့မှ ဝန်ထမ်းများအား သြဝါဒဆုပေးစကားများ ပြောကြားပေးခဲ့ပါတယ်။ စိတ်ချယုံကြည် ဧရာဝတီ – Your Trusted Partner