ဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်းသင်တန်းအမှတ်စဉ်(၉၉)ဖွင့်ပွဲအခမ်းအနား

ဧရာဝတီဘဏ်လီမိတက်၏အခြေခံဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ်(၉၉)ဖွင့်ပွဲအခမ်းအနားကို ဘဏ်သင်တန်းကျောင်း(ပင်လုံ)၌ ၂၀၁၈ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်၈နာရီခွဲအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက်၏အကြံပေးဦးခင်မောင်မှသင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ဒေါ်နှင်းမြတ်စိုး(ဘဏ်ခွဲတာဝန်ခံ)မှ ၄င်း၏အငယ်တန်းဘဏ်လက်ထောက်မှ စတင်ဝင်ရောက်ခဲ့ပြီးကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုအခက်အခဲများ၊ ကြိုးစားအားထုတ်မှုများ၊ ပျော်ရွှင်အောင်မြင်မှုများကို သင်တန်းသားသစ်များအား စိတ်ဓာတ်တက်ကြွအားကျဖွယ် ဝေမျှပြောပြပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများမှ တစ်ဦးချင်းစီ မိတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြပြီး၊ ဒေါ်ခင်ဟေမန်လင်း (AGM, Learning & Development Department) မှသင်တန်းသားများအား သင်တန်းဌာနကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာဖွင့်ပွဲကို နံနက်၁၀နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ပြီး အကျွေးအမွေးများဖြင့် တက်ရောက်လာသူများ၊ သင်တန်းသားများကို ဧည့်ခံခဲ့ပါသည်။ ယခုသင်တန်းမှာ ရန်ကုန်၊ ဟင်္သာတ၊ ပုသိမ်၊ မန္တလေး၊ အုန်းချော၊ မြစ်ကြီးနား၊ တမူး၊ ကလေး၊ ဟားခါး၊ ချောင်းသာ၊ ပန်းတနော်နှင့် လပွတ္တာဘဏ်ခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်[…]