Seminar for AML/CFT Awareness and Preventive Measure for Banks

      ဧရာဝတီဘဏ်လီမိတက်အနေဖြင့်(၂၆/၁/၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဧရာဝတီဘဏ်၏ဘဏ်ခွဲများမှဘဏ်ခွဲတာဝန်ခံများ၊ ဒုတာဝန်ခံများနှင့်ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ဝန်ထမ်းများအတွက် “Seminar for AML/CFT Awareness and Preventive Measure for Banks” ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်အား ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါSeminarတွင်မြန်မာနိ်ုင်ငံတော်ဗဟိုဘဏ်မှဒုတိယညွှန်ကြားရေးမှူးဦးအောင်ကျော်သန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU)မှဒုတိယညွှန်ကြားရေးမှူးဦးမျိုးမင်းထိုက်၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသူရိန်အောင်တို့အားပါဝင်ဟောပြောပေးပါရန်အထူးဧည့်သည်တော်များအဖြစ်ဖိတ်ကြားခဲ့ပါသည်။ ပထမဦးစွာဧရာဝတီဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား ပြောကြားပြီး “Legal and Regulatory Framework for AML/CFT in Myanmar” ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါသည်။၎င်းနောက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်း က[…]