Memorandum of Understanding Signing Ceremony ဧရာဝတီဘဏ် နှင့် Smart Myanmar တို့နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

ဧရာဝတီဘဏ်နှင့် SmartMyanmar (ဂျာမန်အဖွဲ့အစည်းSequaမှအကောင်အထည်ဖော ်ဆောက်ရွက်ထားသည့်ပရောဂျက်) တို့သည်၂၀၁၉ခုနှစ်အတွင်းဘဏ္ဍာရေးဝန်ဆောင်မှုပေးနိုင်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအထောက်အကူပြုစီမံကိန်းများကိုအတူတကွခွဲခြမ်းစိတ်ဖြာ၍ရှေ့ပြေးစီမံကိန်းများစတင်နိုင်ရန်နှင့် လာမည့်နှစ်များတွင်ပိုမိုများပြားသောပတ်ဝန်းကျင်ဆိုင်ရာချေးငွေအစီအစဉ်များကိုလမ်းညွှန်လှုံ့ဆော်ပေးနိုင်ရန်ရည်ရွယ်၍နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို(၃၀.၁.၂၀၁၉) ရက်နေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်)တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်၏အုပ်ချုပ်မှု ဒါရိုက်တာဦးမြင့်ဇော်မှ“စီးပွားရေးလုပ်ငန်းလှုပ်ရှားမှုများနင့်စိမ်းလန်းစိုပြည်သောပတ်ဝန်းကျင်တစ်ခုကိုပံ့ပိုးပေးနိုင်ရပါမယ်။ GreenFinanceဟာကျွန်တော်တို့အတွက်ဦးတည်ချက်အသစ်တစ်ခုဖြစ်ပြီးတော့၎င်းကိုအကောင်အထည်ဖော်ဖို့အတွက်လည်းစိတ်လှုပ်ရှားမိပါတယ်” ဟု နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးဖိတ်ကြားထားသောဂုဏ်သရေရှိလူကြီးမငးများ နှင့် ဧည့်သည်တော်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ဧရာဝတီဘဏ်အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက်  AYA SME Loan နှင့်  JICA Two Step Loan တို့ဖြင့် ချေးငွေဝန်ဆောင်မှုများဆောင်ရွက်ပေးလျှက်ရှိပါသည်။ SME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် AYA SME Loan ကို (၁)နှစ် မှ (၃)နှစ်အထိ အများဆုံး ကျပ်သိန်း (၅,ဝ၀ဝ)အထိ လျှောက်ထားနိုင်ပါသည်။ AYASMELoanနှင့်JICATwoStepLoanတို့အားအပေါင်ပစ္စည်းမဲ့CGI(ချေးငွေအာမခံ)စနစ်ဖြင့်မြန်မာ့အာမခံနှင့်လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက်USAIDတို့မှချေးငွေအာမခံဝန်ဆောင်မှုများရယူလျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဧရာဝတီဘဏ်[…]