သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ မေးခွန်းထုတ် / စာစစ် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

ဦးဇော်ဇော် + ဒေါ်ဌေးဌေးခိုင် မိသားစု၊ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု နှင့် ဧရာဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများသည် ၂၀၁၉ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာန လှိုဏ်ဂူတော်ကြီး အနီးရှိ ဆွမ်းစားဆောင်တွင် သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲမေးခွန်းထုတ်နှင့်စာစစ်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဓမ္မဒူတအရှင်ဆေကိန္ဒဆရာတော်အား အမှူးထား၍ နှစ်စဉ် လှူဒါန်းခဲ့ရာ ယခုနှစ်တွင် (၆)ကြိမ်မြောက် အဖြစ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကုသိုလ်ပြုခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ အလှူတော်တွင် သံဃ မဟာနာယက ဆရာတော်ကြီး (၃၅)ပါးနှင့် ဓမ္မာစရိယ၊ ပထမပြန်စာမေးပွဲ မေးခွန်းထုတ် / စာစစ်သံဃာတော် (၂၂၂)ပါးတို့ကို နဝကမ္မ အလှူငွေကျပ် စုစုပေါင်း သိန်း(၁၀ဝ)ကျော်နှင့် နေ့ဆွမ်း အပါအဝင် ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။