၂၀၁၉ ပွင့်သစ်စ ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ပဉ္စမ အကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ယနေ့တွင် ထုတ်ပြန်လိုက် သည်။ ယခုနှစ်တွင်လည်း စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်သည့် Yeverနှင့်ပင်တွဲ ဖက်လုပ်ကိုင် ခဲ့ရာ Yeverက အစီရင်ခံစာအတွက် အခကြေးငွေ မယူဘဲ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ၂၀၁၉ပွင့်သစ်စတွင်မြန်မာစီးပွားရေးလုပ်ငန်းပေါင်း၂၄၈ခု၏ဝဘ်ဆိုဒ်များကိုလေ့လာအကဲဖြတ်ထားပါသည်။ ၎င်းတွင်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီငါးခု၊အများပိုင် ကုမ္ပဏီ ၅၅ခု နှင့် ပုဂ္ဂလိကပိုင် ထင်ရှားသော ကုမ္ပဏီ ၁၆၀ ပါဝင်သည်။ အစိုးရပိုင် လုပ်ငန်း ၂၈ခု လည်း ပထမဆုံးအကြိမ် အဖြစ် ပါဝင်သည်။ ၎င်း အချက်က ၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာကို စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ပတ်သက်ပြီး ရည်မှန်းချက် အမြင့်ဆုံး အများပြည်သူဆိုင်ရာ[…]