ဧရာဝတီဘဏ်ရုံးတွင်းပတ်ဝန်းကျင် သန့်ရှင်းစေရေးဆောင်ရွက်ခြင်း

ဧရာဝတီဘဏ် ရုံးတွင်းပတ်ဝန်းကျင် သန့်ရှင်းစေရေးအတွက် ဧရာဝတီဘဏ်ရုံးချုပ် ROWE၊ Riverview နှင့် Division 2 ရှိ ဝန်ထမ်းများမှ မိမိတို့၏ အလုပ်စားပွဲနှင့် ရုံးခန်းတွင်း ဖုန်သုတ်ဆေးကြော တံမြက်လှည်းကျင်းခြင်းတို့ကို ၂၀၁၉ ဇွန်လ ၁၄ရက်နေ့တွင် စုပေါင်းကာ ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြပါသည်။ ယခုလို စုပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသပ်ရပ်သော အလုပ်နေရာထိုင်ခင်းကြောင့် စိတ်ရောကိုယ်ပါ တက်ကြွစွာဖြင့် ဝန်ဆောင်မှုကောင်းများကို ပေးစွမ်းနိုင်မည်ဟု ခံယူထားကာ အခြားဘဏ်ခွဲများပါ ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။