ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၁) ဆင်းပွဲ အခမ်းအနား

  ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၁) ဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၊ မွန်းလွဲ (ဝ၂း၃၀) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူ များ တက်ရောက်ခဲ့ ပြီး ဧရာဝတီဘဏ်၊ ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးမှ သင်တန်းဆင်းပွဲအမှတ်တရ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်း အပါတ်စဉ် (၁၀၁) တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ[…]