ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း နှင့် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း

  ရန်ကုန်၊ ဇူလိုင်လ ၁ရက်၊ ၂၀၁၉ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ နယုန်လကွယ်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက် (တနင်္လာနေ့) တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ် ရန်ကုန်ခန်းမ၌ Max Myanmar Group နှင့် AYA Financial Group မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း နှင့် ပရိတ်တရားနာယူခြင်းတို့ကို ဆင်ယင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ အဘိဓမ္မ တက္ကသိုလ်တို့၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော သံဃာတော်များအား နံနက်ပိုင်းတွင် အာရုဏ်ဆွမ်း ဆက်ကပ်ပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့သည်။ ဦးစွာပထမ အခမ်းအနားကို နမောတဿ (၃)ကြိမ်[…]

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံမှ တရားတော်များ နာယူကြည်ညိုခြင်း

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက် (တနင်္လာနေ့) ညနေတွင် Max Myanmar Group နှင့် AYA Financial Group မိသားစုများမှ မိတ်ဖက် စီးပွားဖက်များအား စီစဉ်ဖိတ်ကြားသော တရားနာယူပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပရာ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ အဘိဓမ္မ တက္ကသိုလ်တို့၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသမှ တရားတော်များဟောကြားခဲ့သည်။ ဦးစွာပထမ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီး ကြွရောက်လာကြသော တရားနာ ဧည့်ပရိသတ်များက သြကာသ ကန်တော့ချိုးဖြင့် သံပြိုင်ညီညာ ကန်တော့၍ ပါမောက္ခချုပ် ဆရာတော်ထံမှ သီလပေး တရားခံယူခဲ့ကြပါသည်။ ယင်းနောက် ပါမောက္ခချုပ်ဆရာတော်အား တရားနာပရိဿတ်များမှ သင်္ကန်း[…]