Safety Campaign အစီအစဉ်အဖြစ် အမြန်လမ်းများတွင် မော်တော်ယာဉ်ကို သတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်ဖို့ နှင့် ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို မော်တော်ယာဉ်မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများအား အသိပညာပေးပြောကြားခြင်း

Safety Campaign အစီအစဉ်အဖြစ် အမြန်လမ်းများတွင် မော်တော်ယာဉ်ကို သတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်ဖို့ နှင့် ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို မော်တော်ယာဉ်မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများအား အသိပညာပေးပြောကြားခြင်း အစီအစဉ်အဖြစ် AYA Bank၊ AMI၊ AYAtrust၊ Max Myanmar နှင့် Max Highway တို့မှ အတူပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ထောက်ကြန့်တိုးဂိတ်၌ နံနက် (၇)နာရီခွဲ မှ (၉)နာရီအထိ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် သတိပေးနှိုးဆော်ချက်အနေဖြင့် တိုးဂိတ်များသို့ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း၊ လိုက်ပါလာသူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပေးခြင်းနှင့် သော့ချိတ်များ လက်ဆောင်ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အလားတူ ၂၀၁၉၊[…]