ဧရာဝတီဘဏ်လီမိတက်မှ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း

မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ဝါခေါင်လဆန်း(၁)ရက်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁)ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ဧရာဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။ ရှေးဦးစွာ ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်) (ROWE)၊ ပုသိမ်ခန်းမ၌ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင်ဝတ္ထုငွေကျပ် သိန်း(၁၀ဝ)တို့ကို ဧရာဝတီဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ အကြီးတန်းစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများမှ ဆက်ကပ်လှူဒါန်းကာ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ထို့နောက် ဓမ္မဒူတ ဆရာတော်မှ ကုသိုလ်ပြုလုပ်ခြင်းနှင့် စပ်လျဉ်းသော တရားတော်အား ချီးမြှင့်ဟောကြားခဲ့ပြီးနောက် ဧရာဝတီဘဏ် ဝန်ထမ်း မိသားစုများမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။ ဆက်လက်၍[…]

ဧရာဝတီဘဏ်လီမိတက်၏ တာဝန်သိ ရိုးသားသူ လုံခြုံရေးဝန်ထမ်းအား ဂုဏ်ပြုချီးမြှင့်ခြင်း

ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်) (ROWE) ၌ တည်ရှိသည့် ရန်ကုန် -၂၆ (ကျောက်တံတား) ဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးသည် ၃၀-၇-၂၀၁၉ ရက်နေ့ နေ့လည်တွင် ဧရာဝတီဘဏ်သို့ လာရောက်ခဲ့သည့် Customer တစ်ဦး မေ့ကျန်ရစ်ခဲ့သော စာရွက်စာတမ်းနှင့် အဖိုးတန် လက်ဝတ်ရတနာပစ္စည်းများကို တွေ့ရှိခဲ့ပြီးနောက် ဘဏ်ခွဲတာဝန်ခံထံ ရိုးသားစွာ အပ်နှံခဲ့ပါသည်။ ဘဏ်ခွဲတာဝန်ခံမှ CCTV မှတ်တမ်းမှတစ်ဆင့် ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ပစ္စည်းပိုင်ရှင် Customer အား ဆက်သွယ်၍ ၃၁-၇-၂၀၁၉ ရက်နေ့ ညနေတွင် ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ တာဝန်သိ ရိုးသားသူ လုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးအား ဧရာဝတီဘဏ် Board of Directors အဖွဲ့နှင့် အကြီးတန်းစီမံအုပ်ချုပ်မှုအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်[…]

AYA Bank မှ Diamond sponsor အဖြစ်ပံ့ပိုးကူညီထားသော မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA)၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကျင်းပပြုလုပ်

AYA Bank မှ Diamond sponsor အဖြစ်ပံ့ပိုးကူညီထားသော မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA)၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မှ (၂၅)ရက်နေ့အထိ နှစ်ရက်တိုင်တိုင် အမျိုးသားကဇာတ်ရုံ (မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် စီးပွားရေးဆိုင်ရာ စကားဝိုင်းနှင့် ဟောပြောပွဲများကို ဝါရင့်အတွေ့ကြုံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောင်မြင်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်များက ဗဟုသုတရစရာ ခေါင်းစဉ် အကြောင်းအရာများဖြင့် ပါဝင်ဆွေးနွေး ဟောပြောသွားခဲ့ပါတယ်။ AYA Bank မှလည်း ကိုယ်ပိုင်အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် SME Shop Owner Loan ချေးငွေအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့ပြီး AYA Bank ၏ Point[…]