ဧရာဝတီဘဏ်ရုံးချုပ် ROWE နှင့် Riverview တို့တွင် ဝန်ထမ်းများမှလည်း လစဉ်လတိုင်းတွင် တစ်လ တစ်ရက် အားလုံးအတူ စုပေါင်းကာ သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း

အလုပ်လုပ်နေတဲ့ စားပွဲထိုင်ခုံ တစ်ဝိုက် သန့်ရှင်းသပ်ရပ်နေရင် စိတ်ချမ်းသာမှုကို ဖြစ်စေတဲ့အပြင် ဖုန်၊ အမှိုက် အနံ့အသက် ကင်းစင်စေတဲ့အတွက် ကိုယ်ကျန်းမာစေပါတယ်။ ဧရာဝတီဘဏ်ရုံးချုပ် ROWE နှင့် Riverview တို့မှာ ရုံးခန်း ပတ်ဝန်းကျင် သန့်ရှင်းရေးကို နေ့စဉ်ပုံမှန် သန့်ရှင်းရေးဝန်ထမ်းများက ဆောင်ရွက်သည့်အပြင် ဝန်ထမ်းများမှလည်း လစဉ်လတိုင်းတွင် တစ်လ တစ်ရက် အားလုံးအတူ စုပေါင်းကာ သန့်ရှင်းရေး ဆောင်ရွက်လာခဲ့တာ အခုဆိုရင် အစဉ်အလာပင်ဖြစ်လာပါပြီ။ ယခုလအတွက် ၉.၈.၂၀၁၉ (သောကြာနေ့) တွင်လည်း အတူတကွ သန့်ရှင်းရေး အချိန်ပေးကာ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ မိမိတို့၏ အလုပ်စားပွဲထိုင်ခုံသာမက ရုံးလုပ်ငန်းဆိုင်ရာ စက်ပစ္စည်း စာရေးကိရိယာ ပရိဘောဂများပါမကျန် ဖုန်သုတ်ခြင်း၊ ဆေးကြောခြင်း၊ တံမြက်စည်းလှည်းကျင်းခြင်း စသည်တို့ကို စုပေါင်းပြုလုပ်ခဲ့ပါသည်။ ယခုလိုပြုလုပ်ခြင်းဖြင့် စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာသည့်အပြင် ဘယ်လို[…]