မွန်ပြည်နယ် ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများကြောင့် အသက်အိုးအိမ်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသော ဒုက္ခသည်များအတွက် ဧရာဝတီဘဏ်မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖြစ်ပေါ်ခဲ့တဲ့ မွန်ပြည်နယ် ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများကြောင့် ဒေသနေသူများ အသက်အိုးအိမ်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ဧရာဝတီဘဏ်မှ ထပ်တူဝမ်းနည်းမိပါသည်။ ၄င်းဖြစ်ပွားရာဒေသများသို့ အမြန်ဆုံး သွားရောက် ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ရန် ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့သို့ သွားရောက်၍ မြေလွှာပြတ်ရွေ့မှုကြောင့် တောင်ပြိုကျခဲ့သည့် သဲဖြူကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ပူဆွေးဝမ်းနည်းနေကြသည့် ကျန်ရစ်သူမိသားစုဝင်များကို တွေ့ဆုံအားပေးကာ လတ်တလော စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့်အတူ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၁၀)သိန်းစီ၊ စုစုပေါင်း အိမ်ထောင်စု (၂၇)စုအတွက် ငွေကျပ် သိန်း(၂၇၀)ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြသူများကို တွေ့ဆုံအားပေးကာ စုစုပေါင်း[…]

သဲဖြူကုန်းကျေးရွာ ဒုက္ခသည်များအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့

ဧရာဝတီဖောင်ဒေးရှင်း အဖွဲ့သားများသည် ၂၀၁၉ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့သို့ သွားရောက်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ပြိုကျမှုကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများထံသို့ သွားရောက်ကာ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ သြဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းက မြေလွှာပြတ်ရွေ့မှုကြောင့် တောင်ပြိုကျခဲ့သည့် သဲဖြူကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ပူဆွေးဝမ်းနည်းနေကြသည့် ကျန်ရစ်သူမိသားစုဝင်များကို တွေ့ဆုံအားပေးကာ လတ်တလော စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့်အတူ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၁၀)သိန်းစီ၊ စုစုပေါင်း အိမ်ထောင်စု (၂၇)စုအတွက် ငွေကျပ် သိန်း(၂၇၀)ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြသူများကို တွေ့ဆုံအားပေးကာ စုစုပေါင်း (၄၀)ဦးအတွက် ငွေကျပ်[…]