AYA Bank နှင့် Myanmar Retailers Association (MMRA) တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

Myanmar Retailers Association (MMRA)၏ ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဟောပြောဆွေးနွေးပွဲများ၊ လုပ်ငန်းစဉ်များတွင် ဧရာဝတီဘဏ်မှ Official Financial Partner အဖြစ် ဆောင်ရွက်ပေးသွားမည့် အကြောင်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၉ ခုနစ်၊ သြဂုတ်လ (၁၆)ရက်နေ့ ညနေ (၂)နာရီတွင် AYA Bank (River View Condo) ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့် MMRA ၏ ဥက္ကဌ ဦးသူရိန်ငြိမ်းတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဧရာဝတီဘဏ်မှ တာဝန်ရှိသူများ၊ MMRA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Myanmar Retailers Association (MMRA) နှင့် လွန်ခဲ့သောနှစ်အတွင်း ပူးပေါင်းလုပ်ဆောင်ခဲ့မှုများနှင့်အတူ[…]