အခြေခံဘဏ်လုပ်ငန်း အပတ်စဉ်(၁၀၃) ဖွင့်လှစ်ခြင်း

ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၃) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် ဘဏ်သင်တန်းကျောင်း (လှိုင်သာယာ) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက်၏ အကြံပေး ဦးခင်မောင်မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်းစီ မိတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြပြီး ၊ ဒေါ်ဆွေဇင်သက် (Director, People Dept) မှ သင်တန်းသားများအား သင်တန်းဌာနကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဖွင့်ပွဲကို ရုပ်သိမ်းခဲ့ပြီး အကျွေးအမွေးများဖြင့် တက်ရောက်လာသူများနှင့် သင်တန်းသားများကို ဧည့်ခံခဲ့ပါသည်။ယခုသင်တန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊[…]