ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၃)သင်တန်းဆင်းပွဲ အခမ်းအနား

       ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ (၀၁းဝဝ) နာရီ အချိန်တွင် ဧရာဝတီဘဏ်ရုံးချုပ် (Rowe Conference Room)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ပြီး ဧရာဝတီဘဏ်၊ ဒုတိယဥက္ကဌ ဦးသန်းဇော်မှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၃)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုအား ကြံခင်းမြို့မှ ဦးသူရကျော်ကျော်၊ ဒုတိယဆုအား ရန်ကုန်မြို့မှ[…]