ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၄)သင်တန်းဆင်းပွဲ အခမ်းအနား

      ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ်(၁၀၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၁ ရက်နေ့၊ နံနက်(၁၀:ဝဝ) နာရီ အချိန်တွင် ပင်လုံသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး ဧရာဝတီဘဏ် Senior Consultant ဦးခင်မောင်မှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၀၄)တွင် ထူးချွန်စွာအောင်မြင်သူများအား အသိအမှတ်ပြု ဆုတံဆိပ်များ နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ရာ ပထမဆုနှင့် ဘက်စုံထူးချွန်ဆုအား ကျိုက်ထိုမြို့မှ ဦးခန့်ရွှေဖြိုး၊ ဒုတိယဆုအား နေပြည်တော်မြို့မှ ဦးမြတ်သူရထွန်း၊ တတိယဆုအား ရေနီမြို့မှ[…]