ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း အမှတ်စဉ် (၁၀၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

      ဧရာဝတီဘဏ်လီမိတက်၏ အခြေခံဘဏ်လုပ်ငန်း သင်တန်းအမှတ်စဉ်(၁၀၇) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘဏ်သင်တန်းကျောင်း (ပင်လုံ) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက်၏ Senior Advisor ဦးခင်မောင်မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်းစီ မိတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြပြီး၊ ဒေါ်စုနန္ဒာ (Head of L&D) မှ သင်တန်းသား/သင်တန်းသူ များအား သင်တန်းဌာနကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဖွင့်ပွဲကို ရုပ်သိမ်းခဲ့ပြီး အကျွေးအမွေးများဖြင့် တက်ရောက်လာသူများနှင့် သင်တန်းသား/[…]