AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာမြှင့်တင်ပေးမှုဆိုင်ရာ အထူး မွမ်းမံသင်တန်း

ဧရာဝတီဘဏ်လီမိတက်သည် နိုင်ငံတော်သမ္မတရုံးမှ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဉပဒေဆိုင်ရာအမိန့်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ညွှန်ကြားခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား ဧရာဝတီဘဏ် ရုံးချုပ်ရှိ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများမှ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာမြှင့်တင်ပေးမှုဆိုင်ရာ အထူး မွမ်းမံသင်တန်း တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် နှစ်စတွင် ပြုလုပ်ကျင်းပရန် စီစဉ်ဆောင်ရွက်ထားပါသည်။ (၁၁-၁-၂၀၂၀) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမည ဟိုတယ် ရာမညခန်းမ၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊[…]