ဧရာဝတီဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများ၊ ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံ များနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာ မြှင့်တင်ပေးမှု ဆိုင်ရာ ဆွေးနွေးပွဲများ

  ဧရာဝတီဘဏ်လီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မိမိဘဏ်၏ စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်း အဆင့်ဆင့်အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေးအစီအစဉ်အား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံးမှ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဉပဒေဆိုင်ရာအမိန့် (၄၅/၂၀၁၉) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား သိရှိလိုက်နာ ဆောင်ရွက်ရန်အတွက် အဓိကရည်ရွယ်၍ ဧရာဝတီဘဏ် ရုံးချုပ်ရှိ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများ၊ ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊[…]