ဧရာဝတီဘဏ်လီမိတက်၏ (၂၆၁)ဘဏ်မြောက် ဘဏ်ခွဲဖွင့်လှစ်ခဲ့ခြင်း

    ဧရာဝတီဘဏ်လီမိတက်၏(၂၆၁)ဘဏ်မြောက်ဘဏ်ခွဲဖြစ်သည့် ကရင်ပြည်နယ်ကော့ကရိတ်ဘဏ်ခွဲကို အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး မိဘပြည်သူများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ဧရာဝတီဘဏ်ကော့ကရိတ်ဘဏ်ခွဲဖွင့်ပွဲ သို့တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်ဘဏ်များနှင့် ဧရာဝတီဘဏ်အားသုံးစွဲသူ မိဘပြည်သူအပေါင်းတို့ကို ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်) မှ (Senior Chief Risk and Compliance Officer)ဦးကိုကိုဦးနှင့်တိုင်းဒေသကြီးတာဝန်ခံ၊ ဇုန်တာဝန်ခံများနှင့် ဘဏ်ခွဲတာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။