ဝေဘာဂီ အထူးကုဆေးရုံကြီး နှင့် ရန်ကင်း ကလေးဆေးရုံကြီးများ၏ COVID19 ကြိုတင်ကာကွယ်၊ ကုသရေးများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀၀) ပံ့ပိုးကူညီ

            ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID19 ကြိုတင်ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလာခဲ့ပါက ထိရောက်စွာ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီး နှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် အရေးပေါ် လိုအပ်နေသော ငွေကျပ် သိန်း(၁၀၀၀) တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်းများ၊ ကာကွယ်ကုသရေး အသုံးအဆောင်များကို ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၊ ဧရာဝတီဘဏ်လီမိတက်နှင့် AYA SOMPO အာမခံတို့မှ ပံ့ပိုးကူညီပေးခဲ့သည်။ ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့်တကွ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာဝန်၊ ဆရာမကြီးများနှင့်အတူ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အရေးပေါ် လိုအပ်လျက်ရှိသည့် Medical Ventilator၊ Oxygen Flow Meter[…]